Eleven Media Group စီအီးအို ဒေါက်တာသန်းထွဋ်အောင်ကို လူနာတင်ကတ်နဲ့ ရုံးထုတ်


လမ်းမှာချော်လဲတာကြောင့် လူနာတင်ကတ်နဲ့ လာရောက်ခဲ့ရတာလို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပုဒ်မ ၆၆ နဲ့ တရားစွဲထားတဲ့ Eleven Media Group စီအီးအို ဒေါက်တာသန်းထွဋ်အောင်ကို လူနာတင်ကတ်နဲ့ ရုံးထုတ်စစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။
Eleven Media Group စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဒီနေ့ နေ့လယ်ပိုင်းက တတိယအကြိမ် ရုံးထုတ်ခဲ့ရာမှာ ဒေါက်တာသန်းထွဋ်အောင်က လမ်းမှာချော်လဲပြီး ဒဏ်ရာအနည်းငယ်ရခဲ့လို့ လူနာတင်ကတ်နဲ့ ရုံးကို ခေါ်ဆောင်လာခဲ့ရတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို အများပြည်သူအထင်အမြင်လွဲမှားစေပြီး ၀န်ကြီးချုပ်ရဲ့လုပ်ဆောင်ချက်တွေကို နှောင့်ယှက်ဖျက်ဆီးလိုတဲ့ ဆန္ဒနဲ့ ဆက်သွယ်ရေးကွန်ရက်ကိုအသုံး ပြုတယ်ဆိုပြီး Eleven Media Group ဖေ့စ်ဘွတ်အကောင့် အသုံးပြုသူနဲ့ Than Htut Aung ဖေ့စ်ဘွတ်အသုံးပြုသူတို့ကို အာမခံမရတဲ့ ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)နဲ့ နိုဝင်ဘာ ၉ ရက်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အမှုဖွင့်ထားတာဖြစ်ပါတယ်။
Source & Photos : 7DayDaily

No comments:

Powered by Blogger.