သတင်းမှားဖော်ပြခဲ့တဲ့ The Independent သတင်းစာကို ထိုက်သင့်သလို တုံ့ပြန်မယ်
နိုင်ငံတော်၏အတိုင်ပင်ခံရဲ့ပြောကြားချက်ကို မဟုတ်မမှန်ဖြည့်စွက် ရေးသားထားတဲ့ သတင်းအမှား ဗီဒီယိုကိုဖော်ပြခဲ့တဲ့ စင်ကာပူအခြေစိုက် The Independent သတင်းစာကို ထိုက်သင့်သလို တုံ့ပြန်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
The Independent သတင်းစာရဲ့Online စာမျက်နှာဖြစ်တဲ့ http://theindependent.sg မှာ ဒီဇင်ဘာလ ၅ ရက်နေ့က Aung San Suu Kyi laughs out loud at Rohingya genocide allegations while in Singapore ခေါင်းစဉ်နဲ့ သတင်းဖော်ပြခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသားတွေတွေ့ဆုံတဲ့နေရာမှာ မြန်မာစကားနဲ့ အပြန်အလှန်ပြောကြားခဲ့တာဖြစ်ပေမယ့် ကိုးကားထားတဲ့ ဗီဒီယိုဖိုင်မှာ Haikal Mansor နာမည်နဲ့ google account က Youtube မှာ တင်ထားတဲ့ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်မမှန် စာတန်းတွေရေးထိုးထားပြီး မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ မဟုတ်မမှန်တိုက်ခိုက်နေတဲ့ ဝါဒဖြန့်ချိရေး Account တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများအနေနဲ့ The Independent သတင်းစာရဲ့ သတင်းမှားဖော်ပြခဲ့တာတွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းနဲ့ စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လေ့လာနေပြီး ထိုက်သင့်တဲ့ တုန့်ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source & Photo : State Counsellor Office

No comments: