ဒေါ်လာဝယ်ပြီး မရောင်းတဲ့ ငွေလဲကောင်တာနဲ့ ဘဏ်တွေကို အရေးယူမယ်



ဒေါ်လာဝယ်ပြီး မရောင်းတဲ့ ငွေလဲကောင်တာနဲ့ ဘဏ်တွေကို အရေးယူမယ်
ဒေါ်လာငွေလဲလှယ်နှုန်း မြင့်တက်နေတဲ့အချိန်မှာ ဒေါ်လာတွေကို ၀ယ်ယူပြီး ပြန်မရောင်းပေးတဲ့ ဘဏ်တွေကို ထိထိရောက်ရောက် အရေးယူဖို့ စီစဉ်နေတယ်လို့ ဗဟိုဘဏ်နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောလိုက်ပါတယ်။
နိုင်ငံခြားငွေအရောင်းအဝယ်လုပ်တဲ့ ငွေလဲကောင်တာတွေနဲ့ ဘဏ်တွေက သတ်မှတ်ဈေးနှုန်းအတိုင်း အရောင်းအဝယ် ပြုလုပ်ရမှဖြစ်ကာ လက်ရှိအချိန်မှာ အဝယ်သာလက်ခံပြီး အရောင်းမလုပ်တဲ့ ငွေလဲကောင်တာတွေနဲ့ ဘဏ်တွေကို တိုင်ကြားတာတွေများလာလို့ ထိရောက်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
‘‘ ဒီငွေလဲကောင်တာတွေ လိုက်နာမှုမရှိတာကို ဗဟိုဘဏ်က ခေါ်ယူသတိပေးတာ၊ လက် မှတ်ထိုးတာတွေရှိတယ်။ ဒီထက် ဆိုးလာရင်တော့ ထိရောက်ပြင်း ထန်တဲ့ ဒဏ်ကြေးချမှတ်ဖို့လုပ်နေတယ်။ ဒါထက်များလာရင် လိုင်စင်ပိတ်သိမ်းဖို့ လုပ်နေပါတယ်’’လို့ ဦးဝင်းသော်က ပြောပါတယ်။
ဒေါ်လာဈေးဆက်တိုက်တက်လာပြီးနောက်ပိုင်းမှာ ပြည်တွင်းဘဏ်တွေနဲ့ ငွေလဲကောင်တာတချို့မှာ အမေရိကန်ဒေါ်လာကို အဝယ်ပဲလက်ခံပြီး ပြန်လည်ရောင်းချတာတွေမလုပ်လို့ ဒေါ်လာလိုအပ်သူတွေ အခက်အခဲတွေ ကြုံတွေ့နေရတာပါ။
ဒီဇင်ဘာ ၁၆ ရက်မှာ ငွေလဲနှုန်းက ပြင်ပဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို ၁,၄၄၀ ကျပ်ကျော်ပြီး အမြင့်ဆုံးစံချိန်တင်ခဲ့ပေမဲ့ ဟိုဘဏ်ရည်ညွှန်းဈေးမှာ ၁,၃၆၅ ကျပ် ဖြစ်နေတာပါ။
Source : The Voice
Photo : MBT
Video : 7DayTV

No comments:

Powered by Blogger.