တရုတ်တွင် ကမ္ဘာ့အကြီးဆုံး အသည်းပုံ သဘာဝမြေကျွံဂလိုင်ပေါက်ကြီး တွေ့ရှိ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဇီခရိုင်အတွင်းရှိ ဟန်ဇွန်းမြို့မှာ ကမ္ဘာ့အကြီးဆုံး သဘာဝဂလိုင်ပေါက် အစုအဝေးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒီဇင်ဘာ ၉ ရက်နေ့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
ဒီသဘာဝမြေကျွံဂလိုင်ပေါက်ကြီးတွေရဲ့ စုစုပေါင်း အရေအတွက်က ၄၉ ခုရှိပြီး ကမ္ဘာ့အကြီးဆုံး သဘာဝမြေကျွံဂလိုင်ပေါက် အရေအတွက်လည်း ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။
ဒီသဘာဝဂလိုင်ပေါက်ကြီး ၄၉ ခုထဲက အံ့သြစရာအကောင်းဆုံးတစ်ခုကတော့ ၁၃၀ မီတာကျော် အနက်ရှိတဲ့ အသည်းပုံဂလိုင်ပေါက်ကြီးပါ။ ဒီဂလိုင်ပေါက်ကြီးကို တီရန်ဇူရန်လို့ အမည်ပေးထားပြီး ဂလိုင်ပေါက်ထဲကို ကျောက်ခဲပစ်ချမယ်ဆိုရင် ၇ စက္ကန့်ကြာတဲ့အခါမှ ဂလိုင်ရဲ့အောက်ခြေကို ကျောက်ခဲထိတဲ့ အသံကြားရတယ်လို့ ဆိုထားပါတယ်။
မြေပြင်အထက်မှ လေယာဉ်အနိမ့်ပျံသန်းပြီး ရိုက်ကူးထားတဲ့ ဗွီဒီယိုရုပ်သံမှာ ဂလိုင်ပေါက်ကို အသည်းပုံစံတွေ့မြင်ရမှာပါ။ ဒီလိုရှားပါးလှတဲ့ သဘာဝပထဝီ ပုံပန်းသွင်ပြင်မျိုးဟာ နှစ်ပေါင်း ၅ သိန်းလောက်ကြာမှ ဖြစ်ပေါ်လာတာလို့လည်း သိရပါတယ်။ ဒီရှားပါးလှတဲ့ သဘာဝ အသည်းပုံမြေကျွံဂလိုင်ပေါက်ကို ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။
Source : DVB
The world’s largest cluster of natural sinkholes has been discovered near the city of Hanzhong in northwest China’s Shaanxi Province. At 130 meters…
YOUTUBE.COM

No comments:

Powered by Blogger.