Google Store မှာ ဈေးကွက်ပြန်ဝင်လာသည့် Google Pixel XL 32 GB

Google Pixel XL 32 GB မော်ဒယ် စမတ်ဖုန်းများဟာ Google online store မှာ ဈေးကွက်ပြန်ဝင်လာပါပြီ။ အကန့်အသတ်နဲ့ ထွက်တဲ့ အပြာစစ်စစ်မော်ဒယ်များအတွက် နှစ်ပတ်ကနေ သုံးပတ်အတွင်း ၊ ငွေမှင်နဲ့ အနက်ထည်မော်ဒယ်များအတွက် လေးပတ်ကနေ ငါးပတ်အတွင်း ပို့ ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရောင်းပြတ်သွားတဲ့128 GB ဗားရှင်းနဲ့ ထွက်တဲ့ အနက်ရောင်နဲ့ ငွေရောင်မော်ဒယ်များကို ဘယ်အချိန်မှ ရနိုင်မယ်ဆိုတာ မသိရပါဘူး။
အောက်တိုဘာ ၂၀ ရက်နေ့  စတင် ဖြန့် ချိပြီးချိန်ကစပြီး Google Pixel ဖုန်းတွေဟာ ခဏခဏ ရောင်းအားပြတ်သွားတတ်ကြပါတယ်။ အထူးသဖြင့် Pixel XL ဖုန်းများမှာ ပိုပြီး ပြတ်ကြပါတယ်။ လတ်တလောမှာတော့ ဒီဖုန်းကို BestBuy မှာ ဝယ်ယူရရှိနိုင်မည့် ခန့် မှန်းရက်မသိရသေးပေမယ့် Verizon မှာတော့ ဇန်နဝါရီ ၂၀ ရက်မှာ ရောင်းချနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
မကြာသေးမီက ဘဏ္ဍာရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Morgen Stanley ကတော့ Google ဟာ ၂၀၁၆ ထဲမှာ Pixel ဖုန်း သုံးသန်းရောင်းချခဲ့ပြီး နောက်လာမယ့် ငါးနှစ် ခြောက်နှစ်အတွင်း ကုမ္ပဏီအတွက် အမြတ်ငွေ ဒေါ်လာ ၄ ဘီလျံ ရရှိလိမ့်မယ်လို့ ခန့် မှန်းခဲ့ပါတယ်။ စာရင်းအတိအကျ နဲ့ ဖော်ပြထားတာမဟုတ်လို့ ကိန်းဂဏန်းများကိုတော့ မသိရပါဘူး။


No comments:

Powered by Blogger.