ကမ္ဘာတစ်လွှားရှိ အထူးဆန်းဆုံးသော ရိုးရာပွဲတော်များ
ဒီလိုပွဲတော်မျိုးတွေ ရှိမယ်ဆိုတာ သင် ထင်တောင် ထင်ထားမှာ မဟုတ်ပါဘူး။
တချို့နိုင်ငံတွေရဲ့ ရိုးရာပွဲတော်တွေဟာ တော်တော်လေး ထူးဆန်းပြီး အံ့သြဖို့ကောင်းလွန်းပါတယ်။ သင်ဟာ ထူးဆန်းမှုတွေ ရှာဖွေနေသူတွေဆိုရင် သက်ဆိုင်ရာနိုင်ငံတွေမှာ ပွဲတော်ကျင်းပချိန် အရောက်သွားနိုင်ပါတယ်။
၁။ ရွှံ့ပွဲတော်၊ တောင်ကိုရီးယား
Boryeong ပွဲတော်လို့ခေါ်တဲ့ ရွှံ့ပွဲတော်ကို ဒေးချောင်းကမ်းခြေမှာ ဇူလိုင်လတိုင်း ၂၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပပါတယ်။
သတ္ထုဓာတ်ကြွယ်ဝတဲ့ အဲဒီရွှံ့တွေဟာ ရောဂါတွေကို ပျောက်ကင်းစေတယ်ဆိုတဲ့ အစွဲနဲ့ ရွှံ့ရေချိုးဖို့အတွက် ဒေသခံတွေအပြင် ကမ္ဘာလှည့်ခရီးသည်တွေပါ သွားရောက်ကြပါတယ်။
၂။ ဆိတ်ပစ်ပွဲတော်၊ စပိန်မြောက်ပိုင်း
ဇမ်မိုရာခရိုင်ရှိ Manganeses de la Polvorosa ဆိုတဲ့ ရွာငယ်လေးမှာ နှစ်စဉ်ကျင်းပတဲ့ စိန့်ဗင်းဆင့်ပွဲတော် ဖြစ်ပါတယ်။
လူငယ်များက ပေ ၅၀ မြင့်တဲ့ ဘုရားကျောင်းထိပ်ကနေ သက်ရှိ ဆိတ်တစ်ကောင်ကို တာပေါ်လင်စပေါ်ကို ပစ်ရတာပါ။
ရှေးခေတ်တုန်းက ဆင်းရဲသားတွေကို နို့တိုက်ကျွေးနေတဲ့ ဆိတ်တစ်ကောင်ဟာ မျှော်စင်ထိပ်ကနေ ပြုတ်ကျပေမဲ့ အန္တရာယ်ကင်းစွာ မြေကျခဲ့တဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကနေ စတင်တဲ့ အလေ့အထလို့ ယူဆရပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်ကအထိ ဆိတ်အစစ်တွေကို ပစ်ချတတ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ ဆိတ်တွေက တာပေါ်လင်စပေါ် မကျတဲ့အချိန်တွေ ရှိခဲ့တဲ့အတွက် ဆိတ်အတုကိုသာ ပစ်ကြပါတော့တယ်။
၃။ ဝလစ်စလစ်ပွဲတော်၊ အိုကာရာမ၊ ဂျပန်
ဖေဖော်ဝါရီလရဲ့ တတိယစနေနေ့ညမှာ အိုကာရာမရှိ ဆာအီဒိုင်ဂျီဘုရားကျောင်းမှာ ကျင်းပလေ့ရှိပါတယ်။
နံငယ်ပိုင်းလေးတွေ ဝတ်ထားတဲ့ အမျိုးသားတစ်သောင်းဟာ ဘုန်းတော်ကြီး ပြတင်းပေါက်က ပစ်ချလိုက်တဲ့ ကံကောင်းစေတဲ့ တုတ်နှစ်ချောင်းကို လုယက်ယူရတာဖြစ်ပါတယ်။
ယင်းတုတ်ချောင်းတွေကို ရရှိသူတွေက တစ်နှစ်တာပတ်လုံး ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်မှုရရှိတယ်လို့ အယူရှိကြပါတယ်။
၎။ ဇနီးကုန်းပိုးပြိုင်ပွဲ၊ ဖင်လန်နိုင်ငံ
အမျိုးသားတွေက ဇနီးသည်တွေကို ကျောပိုးပြီး အတားအဆီးတွေကို ကျော်ဖြတ်ကာ အပြေးပြိုင်ရတာ ဖြစ်ပါတယ်။ ဇွန်လ ၃၀ ရက်နေ ဇူလိုင်လ ၁ ရက်နေ့အထိ ကျင်းပတဲ့ ယင်းပွဲမှာ အနိုင်ရရှိသူက ဇနီးသည်ရဲ့ ကိုယ်အလေးချိန်နဲ့ညီမျှတဲ့ ဘီယာတွေကို ဆုချီးမြှင့်ခံရပါတယ်။
၅။ ခန္ဓာကိုယ်ပန်းချီပွဲတော်၊ သြစတြီးယား။
Klagenfurt am Woerthersee ဆိုတဲ့ အစွန်အဖျားမြို့လေးမှာ ကျင်းပတဲ့ ဒီပွဲတော်ကို ကျင်းပတာ နှစ် ၂၀ တောင်ရှိပါပြီ။
Source & Photos : the Sun

No comments: