ရှစ်မိုင်ခုံးကျော် တံတားပေါ်မှာ ကားပြန်ကွေ့ခဲ့တဲ့ ပါရမီ ယာဉ်မောင်းကို အလုပ်ထုတ်

၉၇ လိုင်းကားနဲ့အပြိုင်မောင်းရင်း ခုံးတံတားပေါ် ရောက်သွားတာပါ။
ဒီဇင်ဘာလ ၁၁ ရက် ည ၉ နာရီလောက်က လှည်းတန်းကနေ ရှစ်မိုင်ဘက်ကို ပြည်လမ်းအတိုင်း မောင်းနှင်လာတာကနေ ၉၇ ခရီးသည်တင်ယာဉ်တစ်စီးနဲ့ အပြိုင်မောင်းနှင်တာကနေ လမ်းကြောင်းမှားပြီး ရှစ်မိုင်ခုံးကျော်တံတားပေါ်မှာ ကားကွေ့ခဲ့တဲ့ အဓိပတိ(အ၀ါ) ခရီးသည်တင် ယာဉ်လိုင်းက ယာဉ်မောင်းကို ဒီနေ့(ဒီဇင်ဘာ ၁၂ ) ရက်မနက်ပိုင်းက အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
“အဓိပတိအဝါ သွားရမယ့်လမ်းကြောင်းက ရှစ်မိုင်ခုံးတံတားအောက်ကနေ ကမ္ဘာအေး ဘုရားလမ်းဘက်မောင်းရမှာ။ ၉၇ လိုင်းကားနဲ့အပြိုင်မောင်းရင်း ခုံးတံတားပေါ် ရောက်သွားမှလမ်းကြောင်းမှားမှန်း သတိရပြီး တံတားအလယ်ရောက်မှ ပြန်ကွေ့ခဲ့တာ။ ယာဉ်မောင်းကိုခေါ်စစ်ဆေးပြီး အလုပ်ထုတ်လိုက်ပြီ”လို့ အဓိပတိယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ဆိုပြောပါတယ်။
အလုပ်ထုတ်ခံရတဲ့ ယာဉ်မောင်း ဦးအောင်မျိုးဦးက သန်လျင်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး အဓိပတိ(အဝါ) ယာဉ်လိုင်းမှာ ၀င်ရောက်မောင်းနှင်တာ လပိုင်းလောက်ပဲရှိသေးတယ်လို့ ဆိုပါတယ်။
အဓိပတိ(အဝါ) ယာဉ်နဲ့ ပြိုင်မောင်းခဲ့တဲ့ ၉၇ ခရီးသည်တင်ယာဉ်ကလည်း ခရီးစဉ်လမ်းကြောင်းသတ်မှတ်ထားတဲ့ အင်းစိန်လမ်းအတိုင်း မပြေးဆွဲဘဲ ပြည်လမ်းကနေ မောင်းနှင်ခဲ့လို့ ယာဉ်မောင်းဖြစ်သူကို ဖော်ထုတ်အရေးယူဖို့ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့က စုံစမ်းနေတယ်လို့ သိရပါတယ်။
Source : The Vioce
Photos : Zaw Moe Lwin Facebook

No comments:

Powered by Blogger.