ထိုင်းတရားခံပြေး ရဲဆရာဝန် အား မြန်မာနိုင်ငံ မော် လမြိုင် မြို့ တွင် ဖမ်းမိ

၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံ ဖက်ချဘူရီ
ပြည်နယ် စိုက်ပျိုးရေးခြံ အတွင်းမှာ ထိုင်းလူမျိုးနဲ့  မြန်မာနိုင်ငံသား အလုပ်သမား တွေကို
သတ်ပြီး အလောင်းဖျောက်ဖျက် ခဲ့မှုမှာ အဓိက တရားခံ ရဲ ဆရာဝန် ဖဲ့စူဖတ်ကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်သူဖြစ်ပါတယ်၊တရားခံဟာအာမခံနဲ့ အပြင်ကနေ အမှုကို ဆက်တိုက်ပြီး ထွက်ပြေးသွားခဲ့တာပါ။
တရားခံပြေး ဖဲ့စူဖတ် နဲ့ အတူ မယားငယ် ကိုထိုင်းရဲအဖွဲ့ ကဒီဇင်ဘာ၁၈ရက် က မြန်မာနိုင် ငံ မော်လမြိုင်မြို့၊ ဖက်ခင်းရပ်က ရာမညဟိုတယ်တည်းခိုးခန်းမှာလိုက်လံ ဖမ်း ဆီး နိုင် ခဲ့တယ်လို့ သိရပါတယ်။
တရားခံဖြစ်သူဟာ သူပိုင်ခြံအတွင်းမှာ မြန်မာနိုင်ငံသားတွေကို တရားမ၀င် ခိုး
သွင်းပြီး လူကုန်ကူးမှုနဲ့ ပါ ပါတ်သက်နေကြောင်း စစ်ဆေးတွေရှိခဲ့တယ်လို့ 
လည်းသိရပါတယ်။
စိတ်မထင်တိုင်း မြန်မာနိုင်ငံသားတွေကို (သားနဲ့  မြန်မာနိုင်ငံသား လူယုံတွေ ကို သတ်ခိုင်းခဲ့ပြီး မြေမြုပ်ဖျောက်ဖျက် တတ် တဲ့ တရားခံ ဖဲ့စူဖတ်ရဲ့ လက် အတွင်းက ထွက်းပြေးလွတ်မြောက် လာသူတစ်ဦးက စတင် သတင်းပေးဖေါ် ထုတ်ခဲ့လို့  လူသတ်မှုတွေကိုဆက်တိုက် ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။
မိန်းမ သုံးယောက် ယူထားတဲ့ တရားခံ ပြေး ဟာ ထိုင်းမြန်မာနယ်စပ် ကနေ နောက် ဆုံးမယားငယ်နဲ့  အတူ မြန်မာနိုင်ငံထဲ ထွက်ပြေးခဲ့တာကို မယားလတ် က နောက်ကလိုက်လာပြီး မော်လမြိုင်ရဲကို သတင်းပေးခဲ့တာဖြစ် တယ်လို့  သတင်းတွေမှာ ရေးသားဖေါ်ပြထားပါတယ်။
SAW



No comments:

Powered by Blogger.