နှစ်ပေါင်း ၉၉ သန်းသက်တမ်းရှိ ပယင်းကျောက်ထဲမှ ဒိုင်နိုဆောအမြှီး တွေ့ရှိ
ဒိုင်နိုဆော အမြှီးက အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ အတည်ပြုထားပါတယ်။
မြန်မာပြည်တွင်းက ရရှိခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်းသက်တမ်းရှိ ပယင်းကျောက်ထဲမှာ ဒိုင်နိုဆောအမြှီးကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။
မြန်မာပြည်တွင်းက ရရှိခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်းသက်တမ်းရှိ ပယင်းကျောက်ထဲမှာ ဒိုင်နိုဆောအမြှီးကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။
တရုတ်ဘူမိဗေဒပညာရှင် လင်ဒါရှင်းက ဒါကိုတွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါ ပယင်းကျောက်ကို မြန်မာ-တရုတ်နယ်စပ်အနီး ကျောက်ဈေးကွက်က ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပယင်းကျောက်ကို ရောင်းချခဲ့သူတွေဘက်ကတော့ ပယင်းကျောက်အတွင်း ရှိနေတဲ့ အရာဟာ သစ်ပင်တစ်ပင်က အပိုင်းအစ ဖြစ်မယ်လို့ ထင်နေခဲ့တာဖြစ်ပါတယ်။
" ဒီပယင်းကျောက်ကို ရောင်းခဲ့သူတွေက ဒီလို မျိုးစိတ်နမူနာတွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလား၊ မသိဘူးလားတော့ ကျွန်တော်မပြောတတ်ဘူး။ သူ့ဘက်ကဒီကျောက်ကို ရောင်းမယ့်အချိန်မှာ ဈေးထပ်မတင်ခဲ့ပါဘူး" လို့ လီဒါရှင်းက စီအင်န်အင်န် သတင်းဌာနကို ပြောခဲ့ပါတယ်။
အရေးပါတဲ့ ဒီတွေ့ရှိမှုကတစ်ဆင့် ဒိုင်နိုဆောမျိုးစိတ်တွေ ဘယ်လိုပုံရှိခဲ့မလဲ ဆိုတာကို ဆက်ပြီးလေ့လာနိုင်မှာဖြစ်ကြောင်း ဒီဇင်ဘာလထုတ် Current Biology မှာ ဖော်ပြထားပါတယ်။ အခု ပယင်းကျောက်ထဲမှာ တွေ့ရတဲ့ ဒိုင်နိုဆောအမြှီးက အပိုင်းအစလေးဟာ ဒိုင်နိုဆောငယ်လေးတစ်ကောင်ရဲ့ အမြှီးဖြစ်မယ်လို့ တွက်ဆထားကြပါတယ်။ ပယင်းကျောက်ထဲမှာ ဒိုင်နိုဆော ရုပ်ကြွင်းကိုတွေ့တာ ဒါဟာ ပထမဆုံးလည်းဖြစ်ပါတယ်။
Source : CNN



No comments: