ကျပ်သိန်းသုံးရာ ထီပေါက်တဲ့ ကရင်ဝန်ကြီးချုပ်
သူ့ရဲ့ အမျိုးသား ကံစမ်းတဲ့ ထီလက်မှတ်ကနေ ကျပ် သိန်း ၃၀၀ ဆု ပေါက်ခဲ့တာ ဖြစ်ပါတယ်။
(၃၃၅) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် မိသားစုဟာ ကျပ်သိန်း ၃၀၀ ဆုပေါက်ခဲ့တယ်လို့ သိရပါတယ်။
(၃၃၅)ကြိမ်မြောက် အောင်ဘာလေထီ ကံထူးရှင်တွေကို ဒီဇင်ဘာ ၁ ရက်က ကြေညာခဲ့တာဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ သူ့ရဲ့ အမျိုးသား ကံစမ်းတဲ့ ထီလက်မှတ်ကနေ ကျပ် သိန်း ၃၀၀ ဆု ပေါက်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားက လစဉ်လိုလို ထီထိုးပြီး မိုးယံရွှေလမင်းနဲ့ မြတ်ဆုကုဋေက ပေါက်တာ ဖြစ်တယ်လို့ ဒေါ်နန်းခင်ထွေးမြင့်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
ဒေါ်နန်းခင်ထွေးမြင့်ဟာ၂၀၁၅ ရွေးကောက်ပွဲမှာ ဘားအံမြို့နယ် ပြည်နယ်အမှတ် (၁) မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီးနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေး ချယ်ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။
Source: 7Day Daily
Photos : British Embassy Rangoon

No comments: