တွဒ်တာ (Twitter) ပေါ်ရောက်ပြည်တွင်းအနုပညာရှင်နှစ်ယောက်ပုံပျောက်

ဖေ့စ်ဘုတ်ခ်ပေါ်မှာလူပြောများလာတဲ့ တွဒ်တာ (Twitter) ပေါ်ကအနုပညာရှင်နှစ်ယောက်ပုံ ပျောက်




ဖေ့စ်ဘွတ်ခ်လူမူကွန်ယက်ပေါ်ပျံနှံနေတဲ့ တွဒ်တာ (Twitter) ပေါ်က အနုပညာရှင်နှစ်ဦး ရဲ့ ပုံ ဟာ သည်ကနေ့ မနက်ခင်းမှာတော့ ဝင်ကြည့်လို့မရတော့ဘူး ဖြစ်ပါတယ်။
အဆိုတော် အောင်လ နှင့် သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်တွဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံ မှာ “သူ့ကိုချစ်တယ်” ဆိုတဲ့ အညွှန်းစာသားကြောင့်ေ
ဖ့စ်ဘုတ်ခ် သုံးစွဲသူတွေကြား စိတ်ဝင်တစား နဲ့ ဖေ့စ်ဘုတ်ခ်ပေါ်မှာ မျှဝေမူတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သည်မနက်ခင်းမှာတော့ အဆိုပါ လင့်ခ့်က ပျက်သွား ပြီဖြစ်ပါတယ်။ ပုံတင်ထားတဲ့တွဒ်တာ အကောင့် လင့်ခ်ကတော့ @Rshakers ဖြစ်ပြီး အမည်က Aung La ဖြစ်ပါတယ်။
အကောင့်မှာ followers 1783 ရှိပြီး အနုပညာရှင် အောင်လ အမှန်တကယ် သုံးပြုခြင်းရှိမရှိ ကို ဆက်သွယ်မေးမြန်းရာမှာ တော့ ပြန်လည် အတည်ပြုဖြေကြားတာမျိုး မရှိပါဘူး။
တွဒ်တာ အကောင့်မှာ ဝိုင်းစုခိုင်သိန်း နှင့် ဒီဇင်ဘာလအတွင်း ဈေးဝယ်ထွက်ခဲ့တဲ့ အကြောင်းနဲ့ ပုံကိုလည်း @Rshakers အကောင့်မှာတင်ထားတာတွေလည်း တွေ့ရပါတယ်။
Credit... ကိုသက်ဖြိုး

No comments:

Powered by Blogger.