သာကေတ လယ်ယာအမှိုက်ပုံကနေ လျှပ်စစ်ထုတ်လုပ်မည်
သာကေတမြို့နယ် လယ်ယာက အမှိုက်စွန့်ပစ်တဲ့နေရာမှာ
အမှိုက်ကနေစွမ်းအင်ထုတ်လုပ်နိုင်တဲ့ စက်ရုံတည်ဆောက်ပြီး
လျှပ်စစ်ထုတ်လုပ်ဖို့ စီစဉ်နတယ်လို့ ရန်ကုန်မြို့တော် ဝန်
ဦးမောင်မောင်စိုးက ပြောပါတယ်။
စီမံကိန်းရှိတဲ့နေရာဖြစ်လို့ ကျူးကျော်တဲတွေတည်ဆောက်တာကို ကာကွယ်ဖို့လာမယ့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ အုတ်ဖောင်ဒေးရှင်း ခြံစည်းရိုးခတ်ဖို့ စီစဉ်နေပါတယ်။ အုတ်ဖောင်ဒေးရှင်းခြံစည်းရိုးခတ်ဖို့ ၁၂ ဧကကို ကျပ် ၃၈၅ သန်းတောင်းခံထားပါတယ်။ ကျပ် ၃၈၅ သန်း အကုန်အကျခံပြီး ခြံစည်းရိုးခတ်ဖို့လိုမလိုကို ပြန်သုံးသပ်ဖို့ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လှိုင်က ပြောထားပါတယ်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အုတ်ဖောင်ဒေးရှင်းနဲ့ ခြံစည်းရိုးခတ်တာက အမှိုက်မီးရှို့စက် wave to energy စက်ရုံတည်ဆောက်ရန် အစီအစဉ်ရှိတဲ့အတွက်ဖြစ်ပြီး ခြံမခတ်ရင်ကျူးကျော် တဲများဝင်ရောက်နိုင်တဲ့အတွက် လိုအပ်ချက်ကြောင့်ဖြစ်တယ်လို့ပြောပါတယ်။
ရန်ကုန်မြို့မှာအမှိုက်ကနေ လျှပ်စစ်ထုတ်တဲ့စက်ရုံတွေတည်ဆောက်ပြီး လိုအပ်နေတဲ့လျှပ်စစ်ဓာတ်အားကိုဖြေရှင်းမှာဖြစ်ပါတယ်။
အမှိုက်ကနေ စွမ်းအင်ထုတ်တဲ့စက်ရုံကို ရန်ကုန်မြို့မင်္ဂလာဒုံမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်ကြားလှာ်ကားလမ်းဘေးမှာတည်ဆောက်ပြီး တစ်နာရီကိုအမှိုက်ကနေ လျှပ်စစ် ၇၀ဝ ကီလိုဝပ်ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အမှိုက်ကနေ စွမ်းအင်ထုတ်လုပ်နိုင်တဲ့ စက်ရုံကိုလာမယ့် ဧပြီလကစပြီး စမ်းသပ်လည်ပတ်မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး ဌာနကသိရပါတယ်။
အဲသည်စက်ရုံကို လက်ရှိတည်ဆောက်မှု ၉၄ ရာခိုင်နှုန်းပြီးစီးနေပြီလို့သိရပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလက စတင်တည်ဆောက်ခဲ့တာပါ။ သည်စက်ရုံကနေ တစ်ရက်ကို အမှိုက်တန် ၆၀ မီးရှို့ဖျက်ဆီးနိုင်တယ်လို့သိရပါ တယ်။
အမှိုက်မီးရှို့စက်ကို ဂျပန်နိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးတွဲအကောင်အထည်ဖော်ပါတယ်။
Credit – ပို့ပို့မြင့်မွန်

No comments: