ကန်ဒေါ်လာ(၁၅၀၀) တန်ကြေးရှိတဲ့ သရဲနှင်တဲ့စက်ကို ထိုင်းကုမ္ပဏီတစ်ခု ရောင်းချလိုက်
ပုံမှာတွေ့မြင်နေရတဲ့အရာဟာ
ဒီတိုင်းကြည့်မယ်ဆိုရင်တော့ ဘာမှ မထူးခြားပဲ သာမန်သေတ္တာတစ်လုံးနဲ့
တူနေပေမယ့်၊ ဒါဟာတကယ်တော့ သရဲနှင်ထုတ်တဲ့စက်ပါ။Trisaksri Ghost Repellent
လို့အမည်ရပြီး ထိုင်းအခြေစိုက် Boondee Workshop ဆိုတဲ့ကုမ္ပဏီတစ်ခုကနေ
ဖန်တီးပြုလုပ်ခဲ့တာပါ။
တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ(၁၅၀၀)နဲ့အမေရိကန်အတွက်ဆိုရင်တော့ သယ်ပို့တဲ့စရိတ်ကန်ဒေါ်လာ(၁၂၀) အပိုထပ်ပေး ရမှာဖြစ်ပါတယ်။Trisaksri Ghost Repellent အကြောင်းကို (၂၀၀၉)ခုနှစ်က နိုင်ငံတကာရဲ့ သတင်းခေါင်းကြီးပိုင်းတွေ၊အနောက်နိုင်ငံတွေက နည်းပညာဝက်ဘ်ဆိုက်နဲ့ဝက်ဘ်ပေ့ခ်ျတွေမှာပါ ရေးသားဖော်ပြခဲ့ဖူးပါ တယ်။ဒီစက်ဟာ အိမ်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးဝိဥာဉ်တွေကို Scan ဖတ်ရှာဖွေပေးနိုင်ကာ၊ရေဒီယို လှိုင်းတွေထုတ် လွှတ်ပြီး အဝေးကို မောင်းထုတ်ပစ်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ဒီစက်နဲ့ပတ်သက်ပြီး တစ်ချို့က ရယ်စရာတစ်ခုလို့ မှတ်ယူခဲ့ကြပါတယ်။အဲ့ဒီအချိန်တုန်းက ရောင်းချဖို့ ဆန္ဒမရှိခဲ့တဲ့ ဒီစက်ကို (၇)နှစ်ကြာပြီးမှ ကုမ္ပဏီကနေ ပိုကောင်းတဲ့ ဗားရှင်း အသစ်မြှင့်ပြီး ရောင်းချချင်နေတာပါ။
Infrared radiation ကိုသုံးပြီး ပုံရိပ်တွေ ဖန်တီးနိုင်တဲ့ thermographic ကင်မရာနဲ့လျှပ်စစ်သံလိုက်စက် ကွင်းမီတာတွေ (Electromagnetic Field meters )တွေကို အသုံးပြုဖန်တီးထားတာပါ။“WAVE KILLER” လို့ခေါ်တဲ့ ရေဒီယိုစွမ်းအင်တွေကို စက်ကနေထုတ်လွှတ်ပြီး၊သရဲတွေကို နှင်ထုတ်ပေးတာပါ။ စွမ်းအင်တွေကိုတော့ Trisakri စက်ထဲမှာတပ်ဆင်ပေးထားတဲ့ wave killer အင်ဂျင်ကနေ ထုတ်လွှတ်ပေးတာဖြစ်ပါတယ်။i
အရင်ဗားရှင်းဟောင်းမှာတော့ ဗို့အား(၁၁၀-၂၂၀)ကြားသာရှိပြီး၊ယခုဗားရှင်းသစ် Trisakri 2.0 မှာတော့ (220V) ပါရှိပါတယ်။ဒီစက်ဟာတကယ်ပဲအလုပ်ဖြစ်၊မဖြစ်ဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေရှိနေနိုင်ပေမယ့်၊ကုမ္ပဏီရဲ့ ၀က်ဘ်ဆိုက်ဖြစ်တဲ့ Boondee Workshop website ပေါ်မှာကိုက စက်ရဲ့အလုပ်လုပ်ပုံ၊အသုံးပြုတွေကို အတိအ ကျဖော်ပြ ထားခြင်း မရှိပါဘူး။စက်ရဲ့အလေးချိန်ကတော့ (၂.၉)ကီလိုဂရမ်ရှိတယ်လို့သိရပါတယ်။
Source : shwemom.com.mm

No comments: