နည်းပညာအမြင့်နဲ့ ထူးခြားတဲ့ဖီးချားတွေပါဝင်လာတဲ့ ဟွာဝေးရဲ့ honor magic

honor magic စမတ်ဖုန်းသစ်ဟာဆိုရင် ထူးခြားတဲ့နည်းပညာအမြင့်တွေ ပါဝင်လာတာဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ -ဟွာဝေးကုမဏီရဲ့အသစ်ထွက်ရှိမယ့် honor magic စမတ် ဖုန်းသစ်ဟာဆိုရင် ထူးခြားတဲ့နည်းပညာ အမြင့်တွေ ပါဝင်လာတာဖြစ်ပါတယ်။ ပြီး ခဲ့တဲ့ရက်ပိုင်း လောက်က ဟွာဝေးအနေနဲ့ မိတ်ဆက်ပေး ခဲ့တာဖြစ်တယ်လို့ စီနက်သတင်းဆိုက်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
သည်စမတ်ဖုန်းသစ်မှာ facecode ဆို တဲ့ဖီးချားပါဝင်လာတာဖြစ်တယ်။ သည်ဖီးချားကတော့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အဏုမြူရောင်ခြည်ကင်မရာကို သုံးထား တာကြောင့်  ဖုန်းစခရင်ရဲ့နိုတီဘားတန်းမှာ ပေါ်လာတဲ့မက်ဆေ့ခ်ျနဲ့အခြားအရာတွေကို ကိုယ့်ရဲ့မျက်စိနဲ့ကြည့်မှသာ မြင်ရနိုင် မယ့်နည်းပညာဖြစ်ပါတယ်။
ဖုန်းပိုင်ရှင်မဟုတ်ပါက ဘယ်သူမှ ကြည့်လို့ရနိုင်မှာမဟုတ်ပါဘူး။ ဖုန်းရဲ့ home ကီးကတော့ လက်ဗွေရာစနစ်သုံးဖို့ အတွက်ဖြစ်ပါတယ်။
ကျောဘက်ကင်မရာနှစ်လုံး 12 MP    ဖြစ်ကာ တစ်ခုမှာ အရောင်နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး နောက်ကင်မရာတစ်လုံးက အဖြူ အမည်းပုံကို ရိုက်ကူးနိုင်မယ့် monochrome ဖီးချားပါဝင်တာဖြစ်ပါတယ်။
ထူးခြားချက်မှာ system ပိုင်းဆိုင်ရာ မှာ အရင်က အသုံးပြုနေတဲ့ EMUI အ စား အန်းဒရွိုက် 6.0 ကို အခြေခံထားတဲ့ Magic Live OS နဲ့ ဟွာဝေးရဲ့ကိုယ်ပိုင် အသိဉာဏ်တု (AI) စနစ်ကို သည်ဖုန်းမှာ ထည့်သွင်းပေးထားခြင်းဖြစ်ပါတယ်။
Magic Live OS တစ်ခုလုံးကို ဟွာဝေးရဲ့အသစ်စက်စက် AI စနစ်နဲ့ အဓိက ဆက်နွယ်ထိန်းချုပ်ထားပြီး  ဂူးဂဲလ်ရဲ့ ပစ် ဇယ်ဖုန်းတွေမှာပဲ ထည့်သွင်းပေးထားတဲ့ ဂူးဂဲလ်ရဲ့ကိုယ်ပိုင်အသိဉာဏ်တုစနစ်ဖြစ်တဲ့ Google Now နဲ့ ဆင်တူပါတယ်။
Honor Magic စမတ်ဖုန်းမှာ အသုံးပြုထားတဲ့ Magic Live OS မှာပါတဲ့ AI စနစ်ဆိုတာကတော့ ကားမောင်းနေတဲ့အ ခါ ဒါမှမဟုတ် လမ်းပေါ်မှာရောက်နေတာ ကို ဖုန်းက အလိုအလျောက်သိနိုင်ပြီး ဖုန်းကို အန္တရာယ်ကင်းကင်းအသုံးပြုနိုင်စေဖို့ Driving Mode ကို အလိုအလျောက် ပြောင်းပေးတာမျိုး လုပ်ဆောင်ပေးနိုင် တယ်လို့ သိရပါတယ်။
ပရော်ဖက်ရှင်နယ်ကင်မရာသမားတွေလို ရိုက်ကူးလို့ရနိုင်မယ့်ဖီးချားတွေ ပါဝင်တဲ့အပြင် manual ရိုက်ကူးသူတွေအတွက် f/2.2  aperture နဲ့ large 1.4 um pixels တို့ပါဝင်ပြီး  ရှေ့ကင်မရာဆယ်ဖီ ကင်မရာမှာတော့ 8MP ပါဝင်ကာ (f/2.0) aperture  ဖြစ်ပါတယ်။
အန်းဒရွိုက်ဗားရှင်6း.0 ဖြစ်ပြီး မမ်မိုရီ RAM 4GB နဲ့ ဖုန်းတွင်း မမ်မိုရီ 64 G ပါဝင်ပါတယ်။
ဗီဒီယိုဖိုင်တွေကို နောက်ဆုံးပေါ် 4k resolution ဖြစ်တာကြောင့် ရုပ်ထွက်အကြည်ဆုံးနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဘက်ထရီကတော့ 2900 mAh ဖြစ်တဲ့အပြင် huawei magic power ကို သုံးထားတာ ကြောင့် တစ်နာရီအားသွင်းထားရုံနဲ့ ၉၀ ရာခိုင်နှုန်း အားဝင်မှာဖြစ်ပါတယ်။
စခရင် ၅.၉ လက်မနဲ့ အကွေးပုံစံမှန်ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ၇.၈ မီလီမီတာပဲအထူရှိတာကြောင့်ပါးလွှာတဲ့ဒီဇိုင်းနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။အရောင်အနေနဲ့ရွှေအိုရောင်အမည်းစပ်နဲ့ ကြွေဖြူရောင်တို့ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၃၀  သတ်မှတ်ထားတာဖြစ်ပါတယ်။
Credit-Owner

No comments:

Powered by Blogger.