ရန်ကုန်မှာ ကားမပိတ်အောင် မြေအောက်ကားလမ်းဖောက်လုပ်ဖို့ အစီအစဉ်ရှိ
ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့တာပါ။
ရန်ကုန်မြို့ထဲက ယာဉ်ကြောပိတ်ဆို့တာတွေကို ဖြေရှင်းနိုင်ဖို့ မြေအောက်ကားလမ်းဖောက်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဒီနေ့(ဒီဇင်ဘာ ၂၁ )ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ ပြောခဲ့ပါတယ်။
''ရန်ကုန်မြို့မှာ မြေအောက်လမ်းဖောက်ဖို့အတွက် ရေရှည်မှာတော့ရှိရမှာပေါ့"လို့ ဒီနေ့ ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မေးခွန်းတွေ လာရောက်ဖြေကြားပြီး ပြန်လည်ထွက်ခွာတဲ့အချိန်မှာ ဦးဝင်းခိုင်က မီဒီယာတွေကို အခုလိုပြောခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့ထဲက ယာဉ်ကြောပိတ်ဆို့နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ အများအပြားရှိနေတယ်လို့ ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီးကပြောခဲ့ပြီး ဘတ်ဂျက်အခြေအနေကို ကြည့်ပြီး ပြည်သူတွေလိုအပ်တဲ့နေရာတွေမှာ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။
Source : MMTimes
Photos : MBT,

No comments: