သင်သေသွားရင် သင့် Facebook အကောင့် ဘယ်လိုလုပ်မလဲ

သင်သေဆုံးသွားပြီးတဲ့နောက် သင်နဲ့အတူ ပျောက်ကွယ်သွားမယ့်အရာတွေထဲမှာ သင့်ဖေ့ဘုတ်အကောင့် မပါပါဘူးနော်။ သင်မရှိပေမယ့်လည်း သင့်အကောင့်ကို ဆက်သုံးနေဖို့ Legacy Contact တစ်ဦးကို ကိုယ်စားလှယ်လွှဲခဲ့လို့ရပါတယ်။ အဆင်ပြေဆုံးတစ်ချက်ကတော့ Account Password လုံးဝပေးစရာမလိုတာပါပဲ။

သင်ရွေးချယ်ထားတဲ့ Legacy Contact တစ်ဦးက

သင့် Timeline မှာ post တင်လို့ရမယ်။
Friend requests လက်ခံပေးလို့ရမယ်။
သင့် profile picture ကို ပြောင်းပေးလို့ရမယ်။

ဒါပေမယ့် သင့်ဆီရောက်လာတဲ့ မက်ဆေ့ခ်ျတွေကိုတော့ သူဖတ်လို့မရပါဘူး။
သင့်အကောင့်ကို Log in လုပ်လို့မရဘူး။
အရင်ကတင်ခဲ့တဲ့ post တွေကို ဖျက်လို့၊ ပြင်လို့မရဘူး။
ဒီလို Legacy contact တစ်ဦးကို ရွေးချယ်ဖို့

ဖေ့ဘုတ်ရဲ့ ညာဘက်ထောင့်က setting ထဲကိုဝင်ပါ။
ထို့နောက် Security ထဲကိုဝင်ပါ။
Legacy Contact ကိုရွေးပြီး သင်စိတ်ချယုံကြည်ပြီး ကိုယ့် account ကို လက်လွဲလို့ ရမယ့်သူကို သင့်ဖေ့ဘုတ်အကောင့်ကြီး အမွေပေးလိုက်ပါ။ ဒါဆို ဘာကိုမှ နောက်ဆံတင်းစရာ မလိုတော့ဘူးပေါ့။ အရေးကြီးဆုံးတစ်ချက်က သင် အသက် ၁၈နှစ် ပြည့်ပြီးမှ ဒီလိုလွှဲထားခဲ့လို့ရမှာပါ။

Source : gandawin.net

No comments:

Powered by Blogger.