မှားဝင်လာတဲ့ သန်းနဲ့ချီတဲ့ပေါင်ငွေကို သုံးဖြုန်းပစ်ပြီး အပြစ်မရှိကြောင်း ထွက်ဆိုလိုက်တဲ့ကျောင်းသူ
သစတြေးလျနိုင်ငံမှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် ကျောင်းသူ Christine
Jiaxin ဟာ သူ့ရဲ့ဘဏ်အကောင့်ထဲကို ဘဏ်ရဲ့အမှားကြောင်း မှားပြီးဝင်လာတဲ့
သန်းနဲ့ချီတဲ့ပေါင်ငွေတွေကို သုံးဖြုန်ပစ်လိုက်ပြီး သူမမှာ
အပြစ်မရှိဘူးလို့ ထွက်ဆိုလိုက်ပါတယ်။ သူမဟာ ၂၀၁၂ ခုနှစ်က ဘဏ်ရဲ့
အမှားကနေတစ်ဆင့် ပေါင်ငွေ ၂ ဒသမ ၃ သန်းကို လက်ခံရရှိခဲ့ပြီး သူမရဲ့
မိဘတွေကနေ တစ်ဆင့် ပို့လိုက်တဲ့ငွေတွေလို့ပဲ ထင်ခဲ့တာဆိုပြီး
ပြောဆိုခဲ့တာပါ။
ငွေတွေကို လက်ခံရရှိပြီးနောက်မှာတော့ သူမဟာ ဇိမ်ခံပစ္စည်းတွေကို စိတ်လွတ်ကိုယ်လွတ် ၀ယ်ယူ၊ သုံးဖြုန်းပစ်လိုက်ပြီး အဲဒီအထဲက တစ်ကြိမ်မှာဆိုရင်လည်း တစ်နေ့တည်းနဲ့ Christian Dior ဆိုင်မှာ အမေရိကန်ဒေါ်လာ ၂၂၀,၀၀၀ ကျော်(ပေါင်စတာလင် ၁၃၀,၀၀၀) ဖိုး သုံးစွဲခဲ့ပါသေးတယ်။ မှားယွင်းမှုကို ဘဏ်က သတိထားမိလို့ သူမဆီကို ဖုန်းဆက်ပြီး ငွေတွေကိုမေးတဲ့အခါမှာတော့ သူမမှာ မရှိတော့တဲ့အကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။
သူမဟာ မိသာစု နေထိုင်ရာ မလေးရှားနိုင်ငံဆီ လေယာဉ်ခရီးစဉ်နဲ့ ပျံသန်းထွက်ခွာဖို့ ကြိုးစားနေရင်း သြစတြေးလျနိုင်ငံ Sydney လေဆိပ်မှာ မေလက အဖမ်းခံခဲ့ရပါတယ်။ အမှုကြားနာဖို့အချိန် ရောက်လာတဲ့အထိ သူမဟာ အဲဒီငွေတွေကို သူမရဲ့ မိဘတွေ လွှဲပေးတာလို့သာ ထင်မြင်ယူဆမိတဲ့အကြောင်းနဲ့ ငွေတွေကို မရိုးမသား သုံးစွဲတာနဲ့ပတ်သက်လို့လည်း သမမှာ အပြစ်မရှိဘူးလို့ တရားရုံးမှာ မနေ့က ထွက်ဆိုခဲ့ပါတယ်။
Source : momolay.com

No comments: