တပ်မတော်နဲ့ လက်နက်ကိုင်လေးဖွဲ့အကြား တစ်လအတွင်း တိုက်ပွဲ ၁၀၀ ထက်မနည်း ဖြစ်ပွား
ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့
လေးဖွဲ့အကြား တိုက်ပွဲပေါင်း ၁၀၀ ထက်မနည်းဖြစ်ပွားခဲ့ပြီး
နှစ်ဖက်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားအများအပြား သေဆုံးဒဏ်ရာ ရရှိခဲ့ပါတယ်။
တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့(KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင် အဖွဲ့(AA) တို့ပါဝင်တဲ့ လက်နက်ကိုင်လေးဖွဲ့အကြား တစ်လအတွင်း တိုက်ပွဲတစ်ရာထက်မနည်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုအများအပြားလည်း ရှိခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေရပ်တန့်ခဲ့ပြီး စာသင်ကျောင်းအများအပြား ပိတ်ထားခဲ့ရကာ လက်ရှိအချိန်ထိ နယ်မြေဒေသလုံခြုံရေးအခြေအနေမှာ ပုံမှန် ပြန်မရောက်သေးဘူးလို့လည်း သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်ကနေ စခဲ့တဲ့ တိုက်ပွဲတွေဟာ တစ်လပြည့်သွားပြီဖြစ်ပြီး ဒေသခံလူထုတွေလည်း ထိခိုက်နစ်နာမှုတွေ တော်တော်ရှိကာ မုံးကိုးတစ်မြို့လုံးဆိုရင် မြို့ပျက်ကြီးလိုဖြစ်သွားတယ်လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြောထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
Source: 7Day Daily
Photos : MOI, Myanmar State Counsellor Office

No comments: