မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲ ထပ်မံဖြစ်ပွား
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် လေးမိုင်ခန့်အ ကွာ၌ တပ်မတော်နှင့် ပူးပေါင်းလက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ် ပွားခဲ့ပြီး ကုန်သွယ်ရေးဇုန်အနီး လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သတင်းရရှိသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်အနီး နမ့်တောင်းကျေးရွာ ၌ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်မှ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိပြီး ဒေသခံများက စိုးရိမ်ထိတ်လန့်ခဲ့သည်။
ကုန်သွယ်ရေးဇုန်အနီး နေ ထိုင်သူ ဦးလေးမြင့်က ‘‘လက်နက် ကြီး ပစ်သံ ၁၇ ချက်ဆက်တိုက် ကြားတာ။ လူတွေဆို နေစရာမရှိ အောင် ကြောက်ကုန်တာ။ ကျွန် တော်တို့အရပ်သားနေရာတွေမှာ ထပ်မဖြစ်ပါစေနဲ့လို့ ပြောချင် တယ်’’ဟု ပြောသည်။
မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် ထွန်းက နမ့်တောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ကုန် သွယ်ရေးဇုန် အနောက်ဘက် တောင်ကုန်းပေါ်မှ လက်နက်ကြီး ပစ်ကူပေးခြင်းဖြစ်ကြောင်းနှင့် ဒေ သခံများ အစိုးရိမ်မလွန်ရန် သတိ ပေးခဲ့သည်။
KIA, TNLA နှင့် MNDAA ပူးပေါင်းလက်နက်ကိုင်အဖွဲ့က နိုဝင်ဘာ ၂၀ ရက်တွင် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုစတင်တိုက် ခိုက်ခြင်းဖြင့် ရှမ်းပြည်နယ်မြောက် ပိုင်းဒေသ၌ တိုက်ပွဲစတင်ခြင်းဖြစ် သည်။ နိုဝင်ဘာ ၂၀ ရက် တိုက် ခိုက်မှုတွင် အရပ်သားအမျိုးသမီး တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး၊ပြည် သူ့စစ်တစ်ဦး သေဆုံးခဲ့သည်။ လူမှုရေးအဖွဲ့အချို့ ပစ်ခတ်ခံရပြီး ဒဏ်ရာရခဲ့သည်။မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလည်း ငါး ရက်ကြာ ပြတ်တောက်ပြီး တပ်မတော်က လုံခြုံရေး ယူခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

No comments: