ဂျပန်မှာ ငှက်တုပ်ကွေးကြောင့် ကြက်များ ထပ်မံသုတ်သင်ရပြီး အာရှမှာပျံ့နှံ့မှုကို စိုးရိမ်လာရ
မီယာဇာကီမှာ တွေ့ရှိရတဲ့ ငှက်တုပ်ကွေးမှာ
H5N6 အမျိုးအစားဖြစ်ပြီး လေမှတစ်ဆင့် ပျံ့နှံ့ကူးစက်နိုင်ကာ
သေစေနိုင်လောက်အောင် ပြင်းထန်ပါတယ်။
ဂျပန်နိုင်ငံ တောင်ပိုင်းကျွန်းမှာ ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့်
ကြက်များကို ထပ်မံသုတ်သင်ခဲ့ရပြီး အရှေ့မြောက်အာရှမှာ ငှက်တုပ်ကွေးပျံ့နှံ့
ဖြစ်ပွားနေခြင်းကို ဒေသတွင်း စိုးရိမ်မှုများ မြင့်တက်လာပါတယ်။
ဂျပန်မြောက်ပိုင်းမှာ ငှက်တုပ်ကွေးကြောင့် ကြက်ကောင်ရေသိန်းနဲ့ချီ
သုတ်သင်ခဲ့ရပြီး ရက်အနည်းငယ်အကြာမှာ မိုင်ပေါင်း ၁,၅၀၀ ခန့်ဝေးကွာတဲ့
ဂျပန်တောင်ပိုင်း ကျူရှူးကျွန်းရှိ မီယာဇာကီစီရင်စုမှာလည်း ကြက်များကို
ထပ်မံသုတ်သင်ခဲ့ရတာ ဖြစ်ပါတယ်။
မီယာဇာကီမှာ တွေ့ရှိရတဲ့ ငှက်တုပ်ကွေးမှာ H5N6 အမျိုးအစားဖြစ်ပြီး
လေမှတစ်ဆင့် ပျံ့နှံ့ကူးစက်နိုင်ကာ သေစေနိုင်လောက်အောင်
ပြင်းထန်ကြောင်းလည်း သိရပါတယ်။
ဂျပန်မှာ ငှက်တုပ်ကွေးကြောင့် ကြက်များကို သုတ်သင်ရှင်းလင်း

No comments: