Mark Weinstein ရဲ့ ရှယ်ယာအရောင်းအဝယ် စည်းမျဉ်း (၇) ချက်
~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*
ရွှေအရောင်းဝယ်သမားတွေလည်း
လိုက်နာမှတ်သားသင့်ပါတယ်

တကယ်တော့ မာ့ခ်ဝိန်းစတိန်း (Mark Weinstein) ဟာ
စတော့ရှယ်ယာဈေးကွက်မှာသာမကဘဲ ငွေကြေးဈေးကွက်၊ commodity ဈေးကွက်၊
အနာဂတ်ဈေးကွက်၊ Option ဈေးကွက်တွေမှာပါ ကြင်လည်ကျက်စားသူဖြစ်ပြီး
ဒဏ္ဍာရီဆန်ဆန် အလွန်အောင်မြင်ခဲ့ပါတယ်။ သူအမြဲတမ်းလိုက်နာတဲ့
အရောင်းအဝယ်စည်းမျဉ်း (၇) ချက်ကို ဖော်ပြလိုက်ပါတယ်။
(၁) အိမ်စာအမြဲလုပ်ပါ။ ကိုယ်အရောင်းအဝယ်လုပ်မယ့် အရာနဲ့ဈေးကွက်ကို ပိုင်ပိုင်နိုင်နိုင် သိအောင် အဖက်ဖက်က လေ့လာပါ။
(၂) ဘယ်တော့မှ ငါတကောမကောပါနဲ့။ ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်လာရင် အန္တရာယ်ထိန်းချုပ်မှု (risk control) လုပ်ဖို့ မေ့သွားရော။ အကောင်းဆုံး အရောင်းအဝယ်သမား (trader) ဟာ အနှိမ်ချဆုံးသူပါ။
(၃) ကိုယ့်ရဲ့အကန့်အသတ်တွေကို သိပါ။ လူတိုင်းမှာ အကန့်အသတ်ရှိပါတယ်။ အတော်ဆုံး အရောင်းအဝယ်သမားဆီမှာတောင် အကန့်အသတ်တွေ ရှိပါတယ်။
(၄) ကိုယ်တိုင် လွတ်လွတ်လပ်လပ် တွေးခေါ်ဆုံးဖြတ်ပါ။ သူများလုပ်တာ မြင်လို့ လိုက်လုပ်ရင်၊ လူအုပ်ကြီးနောက် မျက်စိမိတ်ပြီး လိုက်နေရင် အနှေးနဲ့အမြန် ဆုံးရှုံးမှု ကြုံရမှာပါ။
(၅) သေချာပေါက်မြတ်မယ့် အခွင့်အလမ်း သူ့ဘာသာသူ မပေါ်လာမချင်း အရောင်းအဝယ် မလုပ်ပါနဲ့။ ဘယ်အချိန်မှာ ဈေးကွက်နဲ့ ကင်းကင်းနေရမလဲဆိုတာကို သိဖို့ဟာ ဘယ်အချိန်မှာ ဈေးကွက်ထဲ ဝင်ရမလဲဆိုတာကို သိဖို့လောက် အရေးကြီးပါတယ်။
(၆) ပတ်ဝန်းကျင်အခြေအနေ ပြောင်းတိုင်း ကိုယ့်ရဲ့အရောင်းအဝယ်ဗျူဟာကို လိုက်ပြောင်းနိုင်ဖို့လိုပါတယ်။ လူတွေရဲ့ အများဆုံးအမှားက ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ဗျူဟာတခုတည်းကို အသေကိုင်ထားတာပါ။ ပြီးရင် ပြောကြပါလိမ့်မယ်။ "သေစမ်းကွာ၊ ဈေးကွက်က ငါထင်ထားတဲ့အတိုင်း ဖြစ်မလာဘူး" လို့။ ဘဝနဲ့ ဈေးကွက်ဆိုတာ အမြဲတမ်း တသမတ်တည်း ဖြစ်နေတာ မဟုတ်ဘူးဆိုတာကို သိထားပါ။
(၇) အမြတ်ရပြီးရင် ပေါ့ပေါ့လျော့လျော့ ဖြစ်မသွားဖို့လိုပါတယ်။ ရပြီးသားအမြတ်ကို ပြန်ရှုံးမသွားအောင် ထိန်းထားဖို့က အခက်ဆုံးပါ။ ကိုယ့်ရဲ့ ပထမ ရည်မှန်းချက်ပြည့်သွားလို့ ဒုတိယ ရည်မှန်းချက်ကို ချတဲ့အခါမှာလည်း ရည်မှန်းချက်က ပြောင်းလေ့မရှိပါဘူး။ ဒါကတော့ ငွေပိုရအောင် လုပ်ဖို့ပါပဲ။ ဒုတိယ ရည်မှန်းချက်ကို ရတဲ့အခါ ပထမရည်မှန်းချက်ကို ရတုန်းကလောက် စိတ်ကျေနပ်မှုကို မခံစားရတော့ပါဘူး။ ကိုယ်တကယ်လိုချင်တာက ဘာလဲဆိုပြီး ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်လာကြပါတယ်။ ဒါနဲ့ပဲ ကိုယ့်အလုပ်မှာ ပေါ့ပေါ့လျော့လျော့ ဖြစ်လာပြီး မြတ်ထားသမျှ ပြန်ဆုံးရှုံးလေ့ ရှိပါတယ်။
Ref: Market Wizards by Jack D. Schwager
Source-W&A Business and Finance

No comments: